ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းလမ်းမပေါ်ရှိ ကုမ္ပဏီဝင်းအတွင်း အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ဗုံးပေါက်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို တင်းကျပ်စွာ စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဆွမ်ပရာဘွမ်လမ်းမပေါ်မှာရှိတဲ့ UMG ဘက်ဟိုးရောင်းဝယ်ရေးကုမ္ပဏီဝင်းအတွင်း ဗုံးပေါက်ခဲ့တာကြောင့် အနီးဝန်းကျင်နဲ့ မြို့တွင်းနေရာတချို့မှာ စစ်ကောင်စီက တင်းကျပ်စွာ စစ်ဆေးခဲ့တာပါ။
ဒေသခံ အမျိုးသားတယောက်က “ညနေ ၅ နာရီခွဲလောက် UMG ဝင်းထဲမှာ ဗုံးပေါက်သွားတယ်။ ဘယ်အဖွဲ့က ဗုံးလာပစ်လဲတော့ မသိဘူး။ လက်ပစ်ဗုံးသံသုံးချက် ကြားရတယ်” လို့ ပြောပါတယ်။
UMG ဝင်းအတွင်း ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။