Home
မြန်မာသတင်း
မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 21, 2022
312383586_188364710343093_2058676317974098361_n

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း အောက်တိုဘာ ၂၀ ရက် ည ၇ နာရီခွဲလောက်က မုံရွာကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်းကို ၃ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး မဟာ မိတ်တပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာသွားတဲ့ ကား ၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို မြင်းမူမြို့နယ် နပဲကြူးဇရပ်ကျေးရွာနား၊ ကန်ဖျားဇရပ်ကျေးရွာနားနဲ့ ကန်ဖျားဇရပ်နဲ့ ထီးဆောင်းကျေးရွာကြားတို့မှာ  မိုင်း ၂၅ လုံးအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့ Moe Nyo Revolation Force တာဝန်ရှိသူက “ပထမ မိုင်း ၅ လုံး၊ ဒုတိယနဲ့ တတိယအကြိမ်က မိုင်း ၁၀ လုံးစီ အသုံးပြုခဲ့တယ်။ အဲဒီစစ်ဆင်ရေးနေရာ ၃ ခုမှာ ကားပေါ်က ၁၀ ကောင်ကတော့ ပွဲချင်းပြီးသေတယ်လို့ ကနဦးသိရတယ်” လို့  ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်စဉ် ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရတဲ့ စစ်သားတွေကို စစ်ကောင်စီတပ်က မြင်းမူမြို့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မိုင်းမဆွဲခင်အချိန်ကတည်းက ဘေးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်နေပြီး မိုင်းဆွဲလိုက်တဲ့အချိန်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပေမဲ့ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ သေဆုံးထိခိုက်ဒဏ်ရာရတာနဲ့ပတ်သက်လို့ သီးခြားအတည် မပြုနိုင်ပါဘူး။

အောက်တိုဘာ ၁၇ ရက်ကလည်း မြင်းမူမြို့နယ် ကန်ဖျားဇရပ်နဲ့ ထီးဆောင်းကျေးရွာကြားမှာ စစ်ကိုင်းဘက်က ထွက်ခွာလာတဲ့ စစ်ကား ၁၁ စင်းယာဥ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024