Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၌ စစ်တပ်က ရွာသား ၂ ဦးကို ဖမ်းသွားပြီးနောက် အလောင်းသာပြန်တွေ့
DVB
·
October 14, 2022
Butalin Tsp

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ကတိုးရွာသားနှစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ထားတဲ့  ရုပ်အလောင်းတွေကို အောက်တိုဘာ ၁၃ ရက်က ဒေသခံတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရွာသားနှစ်ယောက်ဟာ အောက်တိုဘာ ၁၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ခံရပြီး အခုလို ပစ်သတ်ထားခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

“ပထမက ဒီကောင်တွေ ကူတော်စခန်းကနေ ထွက်လာပြီး ရွာထဲဝင်ဖမ်းသွားကြတာ။ အဲလိုဖမ်းပြီး လမ်းပြခေါ်ပြီး သတ်ထားခဲ့ကြတာ။ အသတ်ခံရတာက ကိုကျော်မြင့်ဦး အသက် ၃၂ ခန့်ရယ်၊ ကိုဂျစ်တူး (ခ) ကိုဇော်မင်းခိုင် အသက် ၂၆ ခန့်တွေပါဗျ။ အလောင်းတွေက ကျောင်းရွာရဲ့အရှေ့ဘက် လယ်ကွင်းထဲမှာ တွေ့ခဲ့တာ” လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။

အသတ်ခံရသူနှစ်ယောက်ဟာ NUG အုပ်ချုပ်ရေးရဲ့ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ရွာသားနှစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဘုတလင်မြို့ပေါ် ပြန်ရောက်သွားပြီ ဖြစ်ပါတယ်။

ဘုတလင်မြို့နယ်‌မှာ အခု အောက်တိုဘာ ၁ ရက်ကနေ ၁၃ ရက်အထိ စစ်ကောင်စီ ပစ်ခတ်သတ်ဖြတ်ခဲ့သူ အနည်းဆုံး ၃ ယောက်ရှိပြီလို့ ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024