သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး ကွယ်လွန်
DVB
·
October 8, 2022
ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်က အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးဟာ စစ်ကောင်စီဘေးရန်ကနေ တိမ်းရှောင်နေရင်း ဆေးကုသဖို့အဆင်မပြေတာကြောင့် အောက်တိုဘာ ၈ ရက်က ကွယ်လွန်သွားပါတယ်။
လွှတ်တော်အမတ် ဦးမြင့်ဦးဟာ ဦးနှောက်ကင်ဆာရောဂါခံစားနေရပြီး မနေ့ညနေ ၄ နာရီလောက်က တိမ်းရှောင်ရာနေရာမှာပဲ ကွယ်လွန်သွားတာလို့ သူ့ရဲ့ မိတ်ဆွေတယောက်က ပြောပါတယ်။
အသက် ၆၆ နှစ်အရွယ် ဦးမြင့်ဦးဟာ သနပ်ပင်မြို့နယ်ကနေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ တို့မှာ ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်ပါတယ်။