Home
မြန်မာသတင်း
NLD ပါတီ ကချင်ပြည်နယ် ဒု-ဥက္ကဋ္ဌနေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်
DVB
·
October 8, 2022
311137678_190770830086492_3766637379917830108_n

ကချင်ပြည်နယ် နမ္မတီးမြို့မှာ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကချင်ပြည်နယ် ဒု-ဥက္ကဋ္ဌရဲ့ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ပါတယ်။

နမ္မတီးမြို့ မြို့လှရပ်ကွက်ရှိ NLD ပါတီ ပြည်နယ် ဒုဥက္ကဋ္ဌ  ဦးဝင်းဗိုလ်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့ လရောက်ချိပ်ပိတ်သွားတာလို့ NLD ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

"မနက် ၇ နာရီလောက်က လမ်းတွေပိတ်ပြီး ကား ၇လစီး အင်အား ၅၀ လောက်နဲ့  လာပြီး ချိပ်ပိတ်စာ ကပ်သွားတာ။ မိသားစုဝင်တွေကိုတော့ ချိပ်ပိတ်မယ်ဆိုတာ ကြိုအကြောင်းထားလို့ ပစ္စည်းတွေကော လူတွေကော တယောက်မှ မရှိတော့ဘူး" လို့ NLD ပါတီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီက ဦးဝင်းဗိုလ်ရဲ့ နေအိမ်ရှေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ယာယီချိပ်ပိတ်ထားတဲ့ အိမ်ဖြစ်တဲ့အတွက် ကျူးကျော်ဝင်ရောက်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်း မပြုရ ဆိုတဲ့ ကြေညာစာ ကပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးဝင်းဗိုလ်ဟာ စစ်ကောင်စီက  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ တရားစွဲဆိုထားတဲ့အတွက်  ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013