Home
မြန်မာသတင်း
ရန်ကုန်တရားလွှတ်တော်ရုံးရှေ့ စာတန်းချိတ်ဆွဲသည်ဆိုပြီး လူငယ် ၁ ဦးကို စစ်တပ်ကဖမ်းဆီး
DVB
·
October 7, 2022
311050019_10158969394212913_4344959268763106855_n

ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးရှေ့ ခြံစည်းရိုးမှာ စာတန်းချိတ်ဆွဲတယ်ဆိုပြီး ဒီကနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လူငယ်တယောက်ကို ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

ကျောက်တံတားမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းမပေါ်ရှိ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးရှေ့ ခြံစည်းရိုးမှာ ဒီကနေ့ညနေ ၃ နာရီခွဲက လူငယ်နှစ်ဦး စာလာချိတ်တယ်ဆိုပြီး စစ်ကောင်စီတပ်တွေက လိုက်လံဖမ်းဆီးခဲ့တာလို့ မဟာဗန္ဓုလပန်းခြံအနီး နေထိုင်သူတယောက်က ပြောပါတယ်။

“စစ်တပ်နဲ့ ရဲတွေ လိုက်ဖမ်းတာ ကောင်လေးကိုမိသွားပြီး စစ်တပ်က ထိုးကြိတ်ပြီး ခေါ်လာတာ။ စာချိတ်တယ်၊ မချိတ်တယ်ဆိုတာတော့ မသိဘူး။ ဖမ်းလာတာတော့တွေ့တယ်။”

ဖမ်းဆီးရမိတဲ့ လူငယ်ကို စစ်တပ်က ကျောက်တံတားမြို့မရဲစခန်းကို ခေါ်သွားပြီး မှတ်ပုံတင် ဓာတ်ပုံတွေရိုက်ကာ စစ်ကားနဲ့ ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ရပ်မိရပ်ဖတယောက်က ပြောပါတယ်။

“မိတဲ့ကောင်လေးက သာကေတကလို့ သိရတယ်။ နာမည်တော့မသိဘူး။ စစ်တပ်က ရဲစခန်းကနေ ပြန်ခေါ်သွားတယ်။”

လတ်တလောမှာ စစ်ကောင်စီတပ်တွေက ဆူးလေနဲ့အနီးတဝိုက်မှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ လူငယ်တယောက်ကို လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024