Home
အနုပညာ
“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတို လန်ဒန်တွင်ပြသ၊ ရုံပြည့်ရုံလျှံ အားပေး(ရုပ်ရှင် နမူနာ)
DVB
·
October 3, 2022
309885519_10209712623449475_5927957887753754325_n

မြန်မာရုပ်ရှင်ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ဇာတ်လမ်းတို-“မသောက်မိသော မိုးခါးရေ” ကို ယူကေနိုင်ငံမြို့တော် လန်ဒန်မှာ မနေ့က အောက်တိုဘာ ၂ ရက်မှာ ပွဲဦးထွက်ပြသခဲ့ပြီး ရုံပြည့်ရုံလျှံ အားပေးကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။

ဒါရိုက်တာ ကိုပေါက်ကတော့ “ဒီနေ့ညမှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ထိုင်ခုံ ၄၀၀ ကုန်သွားလို့ အပိုခုံထိုးပြပေးရမယ်လို့ တာဝန်ရှိသူတွေက ပြောလာတော့ ကျနော် ပျော်ရတယ်။ အနုပညာသမား ဆိုတော့ ပရိသတ်တွေနဲ့ပဲ တွေ့ချင်တာပါ။ မကြာခင် ဆန္ဒတွေပြည့်တော့မယ် ထင်ပါတယ်။ ဒီညတော့ လန်ဒန်မှာ မိုးခါးရေမသောက်မယ့်သူတွေ တွေ့ကြမယ့်ပွဲကို ရင်ခုန်နေပါတယ်။”လို့ ဆိုပါတယ်။

ဒီရုပ်ရှင်ပြပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဦးမောင်မောင်အောင်နဲ့ ဒေါက်တာသက်ကိုကိုတို့ တက်ရောက်ခဲ့ပြီး ရုပ်ရှင်ပြပွဲဖြစ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့ အဖွင့်စကား ပြောကြားပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ဇာတ်လမ်းတိုကိုတော့ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေကြတဲ့ အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ ဒါရိုက်တာ ကိုပေါက်က တောတွင်းတနေရာမှာ အိုင်ဖုန်းတလုံးနဲ့သာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ပြည်ပနိုင်ငံ ၆ နိုင်ငံမှာ ပြသသွားဖို့ စီစဉ်ထားပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို၊ ဂျပန်နိုင်ငံ တိုကျိုနဲ့ နာဂိုယာမြို့၊ အမေရိကန်နိုင်ငံ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမြို့မြို့၊  တောင်ကိုးရီးယားနိုင်ငံ အင်ချွန်းနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာ ဆက်လက်ပြသသွားမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024