မကွေးတိုင်း ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး စစ်ဆေးရေးဂိတ်တခု ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၂ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
ဆင်ချောင်းရွာက အဲဒီစစ်ဆေးရေးဂိတ်ကို မနေ့က ညနေ ၅ နာရီလောက်မှာ မြိုင် ပ.က.ဖ တပ်ရင်း(၁)၊ သခင်မြအဖွဲ့၊PKU Ranger နဲ့ PKU သူရိန်အဖွဲ့တို့ပူပေါင်းပြီး ဒရုန်းနဲ့ အီနာဂါဗုံးသီး ၅ လုံးကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး ဆင်ချောင်းရွာ အနီးပတ်ဝန်ကျင်တွေကို လက်နက်ကြီး လက်နက် ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်မှာလည်း စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ပြည်သူ ၅၀ ကျော်အား ဖမ်းခေါ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင် ပ.က.ဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။