Home
မြန်မာသတင်း
ဖားကန့်တွင် ဓားပြ ၆ ဦး ကို KIA နှင့် PDF အဖွဲ့ကဖမ်းဆီး
DVB
·
October 1, 2022
310155423_659595992254541_331035092705290252_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ PDF အဖွဲ့လို့ ပြောဆိုကာ ဓားပြတိုက်‌ လုယက်နေသူတွေကို ဆိပ်မူကျေးရွာရှိ  KTV မှာ KIA နဲ့ KPDF ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၉ ရက် ည‌နေပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။‌

နီးစပ်သူ တဦးက “ဖမ်းမိတာ ၆ ယောက်။ သူတို့ကို စစ်ဆေးပြီး အရေးယူမယ်။ လက်နက်နဲ့ ကျည်ဆန် တချို့လည်း သိမ်းဆည်းရမိတယ် "လို့  ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း PDF အဖွဲ့အမည်အလွဲသုံးစာပြုကာ မတရားငွေတောင်းတာ၊ ဓားပြတိုက်တာ၊ လုယက်တာနဲ့ လူသတ်တာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းကလည်း ငှက်ပျောတောရပ်ကွက်မှာ ငွေလွှဲဆိုင်က ငွေထုတ်ပြီး ပြန်လာသူကို ကားပေါ်  ငွေထုတ် တင်နေချိန် ဓားထောက်ကာ လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024