Home
မြန်မာသတင်း
မြိတ်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၅၇ ဦး လွတ်မြောက်
DVB
·
September 30, 2022
307978893_630939695420760_3991805094494874460_n

စစ်အာဏာသိမ်းပြီးတဲ့နောက် တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သူတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့အထဲက  နိုင်ငံရေးအကျဉ်းသား ၅၇ ယောက် ဒီကနေ့ စက်တင်ဘာ ၃၀ ရက်မှာ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်ခဲ့လာပါတယ်။ 

ပြန်လည်လွတ်မြောက်လာတဲ့သူတွေဟာ ၂၀၂၁ ခုနှစ် မတ် ၂၆ ရက်က မြိတ်မြို့နယ် ရွှေပြည်တန်ရပ်ကွက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အချိန် စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့သူတွေဖြစ်ပါတယ်။

ဒီကနေ့ ပြန်လည်လွတ်မြောက်လာတဲ့ အထဲမှာတော့ အမျိုးသား ၅၃ ယောက်နဲ့ အမျိုးသမီး ၄ ယောက်တို့ပါဝင်ပြီး သာမန်လွတ်ရက်နဲ့ ပြန်လည်လွတ်မြောက်လာတာဖြစ်တဲ့အတွက် ခံဝန် လက်မှတ်ထိုးခဲ့ရတာတော့ မရှိဘူးလို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။ 

မြိတ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ကျခံနေတဲ့ အကျဉ်းသားအခန်းလူကြီးတွေ၊ စည်းကမ်းထိန်းတွေက နှိပ်ကွပ်နေတာတွေနဲ့ ငွေကြေးတောင်း ခံနေတာတွေ ရှိနေတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့သူ မြိတ်ကျဉ်းထောင်ထဲမှာ  ၅၀၀ ဝန်းကျင်အနက် ၂၀၀ ကျော် ပြန်လည်လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024