Home
မြန်မာသတင်း
တမူးမြို့တွင် စစ်ကောင်စီတပ်နှင့် တမူး PDF ပူးပေါင်းတပ်တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား
DVB
·
September 25, 2022
308659924_183140260881186_4574200011157805474_n

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စက်တင်ဘာ ၂၄ ရက် နေ့လယ် ၂ နာရီလောက်ကစပြီး စစ်ကောင်စီစစ်ကြောင်းနဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တမူး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အောင်ဇေယျရွာကနေ တမူးမြို့ကို စစ်ကောင်စီစစ်ကြောင်းပြန်ဆင်းလာရာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ တမူးဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် ကိုရောဘတ်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက ကွန်းတောင်းကျေးရွာ နဲ့ ချောင်းနက်ကြီးကျေးရွာကြားမှာ ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲတာပါ။ အဲဒီတိုက်ပွဲကတော့ စစ်ကောင်စီ အထိနာသွားတယ်။ အဲလိုအထိနာသွားအောင် ကျနော်တို့ဘက်က လက်ဦးမှု ရယူနိုင်ခဲ့တယ်။ စစ်သား ၁၅ ယောက် အလောင်းတွေကို ကားပေါ်တင်သွားတာ မြင်လိုက်ရတယ်။ စစ်ကားလည်း ပျက်သွားလို့ ကြိုးနဲ့ အခြားကားနောက်ကနေ ဆွဲသွားကြတယ်။ အဲတိုက်ပွဲကတော့ ၃၅ မိနစ်လောက်တိုက်ပွဲက ကြာခဲ့တယ်ဗျ။ နောက်ထပ်တိုက်ပွဲတနေရာက အရင်တိုက်ပွဲ ဖြစ်ပွားရာနေရာကနေ စစ်ကောင်စီတပ်တွေ နာရီဝက်ခန့်မောင်းလာပြီး  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တမူးတပ်ရင်း (၁) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က ထပ်မံ တိုက်ခိုက်ခဲ့ကြတယ်။ စစ်ကောင်စီတပ် အများအပြားကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက် တ ဦးရခဲ့တယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။” 

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ တမူးမြို့အတွင်းကို ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းကို  ABSDF၊ ပူးပေါင်း မဟာမိတ် KNA(Burma)၊ PDF-CEU တပ်ဖွဲ့တွေနဲ့ တမူးတပ်ရင်း ၁ တို့ ပူးပေါင်းတိုက်ခဲ့ကြတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024