Home
မြန်မာသတင်း
မုံရွာတွင် မီးရှို့အသတ်ခံထားရသည့် အမျိုးသမီးအလောင်း ၁ လောင်းတွေ့ရှိ
DVB
·
September 23, 2022
308057747_183501790829385_8852451909749310989_n

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စက်မှုဇုန်အနီးက မြို့ပတ်လမ်းမှာ မီးရှို့သတ်ဖြတ်ပြီး ပီနံအိတ်ထဲ ထည့်သွင်းထားတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးအလောင်း ၁ လောင်းကို စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီအမျိုးသမီးအလောင်းမှာ လက်ကြိုးတုပ်ထားပြီး မီးလောင်ကျွမ်းတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “မီးရှို့အသတ်ခံရတာ ဖြစ်နိုင်တယ်။ အလောင်းမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေပြီးမှ ပီနံအိတ်ထဲ ထည့်ထားတဲ့ အနေအထား တွေ့ရတယ်။ ဘယ်လိုဖြစ်တာလဲတော့ မသိဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းက သတ်ဖြတ်ထားတယ်ဆိုတာကို မသိရသေးဘဲ လူမှုကယ်ဆယ်ရေးကားနဲ့ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မုံရွာမြို့တွင်းမှာ အခု စက်တင်ဘာ ၁ ရက်ကနေ ၂၃ ရက်နေ့ထိ ပိုင်ရှင်မဲ့အလောင်း ၁၀ လောင်းမက တွေ့ရှိခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013