Home
မြန်မာသတင်း
လုံခြုံရေးမကောင်းသဖြင့် မဲဇလီကျေးရွာရဲကင်းခြံဝင်း သော့ခတ်ပြီး ဆိုင်းဘုတ်ဖြုတ်ထား
DVB
·
September 22, 2022
305922962_198431412643744_4260658056504344282_n

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာရဲကင်းဟာ စခန်းလုံခြုံရေး မကောင်းတာ၊ ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးကြတာတွေကြောင့် စခန်းမှာ အစောင့်လောက်ပဲထားပြီး စခန်းခြံဝင်းကို သော့ခတ်ထားကာ ရဲကင်းစခန်း ဆိုင်းဘုတ်ကိုလည်း ဖြုတ်ထားရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

မင်းတုန်းမြို့ခံတယောက်က “အခုရက်ပိုင်းတွေမှာ ပုသိမ်-မုံရွာလမ်းဘက်ကို PDF တွေ ဆင်းလာတယ်၊ စခန်းလုံခြုံရေး စိတ်မချရဘူးဆိုပြီး ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေကို မင်းတုန်းမြို့မ ရဲစခန်းကို ခေါ်ထားပြီး မဲဇလီကျေးရွာ ရဲကင်းစခန်းဝင်းကို ပိတ်ထားလိုက်တာ ၂ ရက် ၃ ရက်လောက် ရှိနေပါပြီ” လို့ ပြောပါတယ်။

မဲဇလီကျေးရွာရဲကင်းက အရင်က ဒုရဲအုပ်တယောက် အုပ်ချုပ်ပြီး တခြားအဆင့် ၇‌ ယောက်နဲ့ စုစုပေါင်း ၈ ယောက် ရှိခဲ့ရာက သရက်ခရိုင်ရဲမှူးအိမ်ကို တယောက်သွားစောင့်ပြီး မကွေးမြို့ကို တာဝန်နဲ့ ခဏလွှတ်လိုက်တဲ့ ဒုတပ်ကြပ် ဇော်မျိုးထွန်း၊ ရဲတပ်သား အေးချမ်းနဲ့ တပ်သားမောင်မောင်တို့ကလည်း မကွေးကနေ ထွက်ပြေးသွားတာကြောင့် ၄ ယောက်‌လျေ့ာပြီး အခုဆိုရင် ၄ ယောက်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

မင်းတုန်းမြို့နယ်ရဲစခန်းမှာလည်း ထွက်ပြေးသွားတဲ့သူများပြီး စခန်းက တပ်သား လျော့နည်းနေသလို နေ့စဉ် မင်းတုန်းမြို့နယ် ရဲစခန်းကို အင်းအားသွားဖြည့်ပေးနေရတာကြောင့် စိတ်ညစ်နေကြကာ မကြာခဏ ထွက်ပြေးဖို့ပဲ ကြံနေကြတယ်လို့ မဲဇလီကျေးရွာရဲကင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024