နွေဦးတော်လှန်ရေးအတွက်ကူညီထောက်ပံ့ပေးဖို့ ထိုင်း-မြန်မာနယ်စပ်ရောက် ရွှေ့ပြောင်းမြန်မာ လုပ်သားတွေက စက်တင်ဘာ ၁၈ ရက် ဒီနေ့မနက် မဲဆောက်မြို့ဈေး အတွင်းမှာ အလှူခံထွက်ခဲ့ကြပါတယ်။
ဒီနေ့ တနင်္ဂနွေနေ့မှာ စက်ရုံအလုပ်ရုံတွေပိတ်ရက် ဈေးဝယ်ထွက်ကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ နွေဦးတော်လှန်ရေးအတွက် စိတ်ဝင်တစား အလှူငွေတွေထည့်ခဲ့ကြပြီး တော်လှန်ရေး အမြန်အောင်မြင်စေကြောင်း ဆုတောင်းပေးသွားကြပါတယ်။
နွေဦးတော်လှန်ရေးအောင်မြင်တဲ့အထိ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးသွားမှာဖြစ်ပြီး ရလာတဲ့ အလှူငွေတွေကို စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြတဲ့ PDF ရဲဘော်တွေနဲ့ ပြည်တွင်းစစ်ရှောင်တွေအတွက် လိုအပ်သလို ခွဲဝေလှူဒါန်းသွားမယ်လို့ အလှူခံအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။