Home
မြန်မာသတင်း
ရေစကြို ပ.က.ဖ သင်တန်းစခန်းကို စစ်ကောင်စီတပ် စီးနင်းမီးရှို့
DVB
·
September 17, 2022
307032743_191683879984703_9061413182185102245_n

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စက်တင်ဘာ ၁၆ ရက် မနက်အစောက ရေစကြို ပြည်သူကာကွယ်ရေးတပ်ဖွဲ့သင်တန်းကျောင်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာကြောင့် ကျပ်သိန်း ၅၀၀ ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ ရေစကြို ပ.က.ဖ က ပြောပါတယ်။

အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ပ.က.ဖ သင်တန်းကျောင်းကို မနေ့ မနက် အစောပိုင်း ၆ နာရီလောက်က ဝင်ရောက်စီးနင်းတာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။ 

“သူတို့က အလစ်အငိုက် ဝင်စီးတာ။ အဝေးကင်း တာဝန်ကျတဲ့ ကင်းသမား ရဲဘော်လေးက အချိန်မီ သတင်းပေးပို့နိုင်လို့သာ အထိခိုက် အကျဆုံးမရှိဘဲ ရှောင်တိမ်းလိုက်နိုင်တာ။”

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သင်တန်းစခန်းအဆောက်အုံတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ၊ ယူနီဖောင်းတွေ ကျပ်သိန်း ၅၀၀ ဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့တာလို့  ဆိုပါတယ်။

ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များလာလို့ စစ်ကောင်စီက အင်အားအလုံးရင်းသုံး ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေရဲ့ စားနက်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024