Home
မြန်မာသတင်း
ရေးခရိုင်တရားရုံး မိုင်းခွဲခံရ
DVB
·
September 9, 2022
306088650_397920862502684_6255566406968007529_n

မွန်ပြည်နယ်၊ ရေးမြို့နယ် ခရိုင်တရားရုံးကို စက်တင်ဘာ ၈ ရက် ည ၆ နာရီ ၄၅ မိနစ်က  မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ YSTF  တာဝန်ရှိသူက ပြောပါတယ်။

ခရိုင်တရားရုံးနဲ့ ဌာနဆိုင်ရာရုံးဝန်ထမ်းတွေကို ၆၀ မမ ဗုံးသီးနဲ့ပြုလုပ်ထားတဲ့ မိုင်းနဲ့ နောက်ဆုံး သတိပေးတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထပ်မံစစ်ရေးအရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်ခရိုင်တရားရုံးကို စက်တင်ဘာ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး အခု ပထမအဆုံးကြိမ် တိုက်ခိုက်မှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ 

အဆိုပါ ရုံးဌာနဆိုင်ရာအနီးနားမှာ ပြည်သူ့တွေအနေနဲ့ မသွားကြ၊ မနေကြဖို့ ရေး ပြည်သူ့ကာကွယ်ရေးအထူးဖွဲ့က ထပ်မံတိုက်တွန်းထားပါတယ်။  

သြဂုတ် ၃ ရက်ကလည်း ရေးဘီးလူးအဖွဲ့က လ၀ကရုံးကို တိုက်ခိုက်ခဲ့ရာမှာ ၀န်ထမ်း ၃ ဦး အပါအဝင် အရပ်သား ၁ ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024