Home
မြန်မာသတင်း
ငါးသိုင်းချောင်းတံတားပေါ်မှ ရေထဲခုန်ချသွားသည့် အမျိုးသား ၁ ဦး၏ အလောင်းပြန်တွေ့
DVB
·
September 6, 2022
286074711_1136969377029897_7581162720172872193_n
302425135_398200182459006_6560855860339643453_n

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ စက်တင်ဘာ ၃ ရက်က တံတားပေါ်ကခုန်ချသွားတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားရဲ့ရုပ်အလောင်းကို စက်တင်ဘာလ ၅ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ 

ငါးသိုင်းချောင်းတံတားပေါ်က ခုန်ချသွားတဲ့ အသက် ၂၄ နှစ်အရွယ် မောင်သျှားသုစံရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက မနက်ပိုင်းမှာ တွေ့ရှိခဲ့ပြီး ရုပ်အနည်းငယ်ပျက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

“ရုပ်ကတော့ နည်းနည်းပျက်နေပြီ လုပ်စာရာရှိတာလုပ်ပြီးတာနဲ့ ချက်ချင်း မီးသင်္ဂြိုဟ်လိုက်ရတယ် ၃ ရက်မြောက်နေ့မှာ ပြန်တွေ့တာပါ”လို့ ဒေသခံတဦးက ပြောပါတယ်။

တံတားပေါ်ကနေ ရေထဲခုန်ချသေဆုံးခဲ့တဲ့ မောင်သျှားသုစံဟာ ရပ်ကွက်ထဲမှာ ဒေသခံပြည်သူတွေနဲ့ ဆက်ဆံရေးကောင်းသူဖြစ်ပြီး ရေထဲခုန်ချသွားရတဲ့အကြောင်းကိုတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဩဂုတ်လကုန်ပိုင်းမှာ ရေထဲ ခုန်ချသတ်သေတဲ့သူ ၄ ဦးထိရှိခဲ့ပြီး အဲ့အထဲက ၂ ဦးရဲ့ရုပ်အလောင်းကိုသာ ပြန်လည်ရှာဖွေနိုင်ခဲ့ကာ အသက် ၃ နှစ်အရွယ်ကလေးနဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကိုတော့ ခုချိန်ထိ ပြန်ရှာမတွေ့သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024