ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ ဩဂုတ် ၉ ရက် ဒီနေ့ ညနေ ၅ နာရီလောက်က စစ်သားတယောက် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး သတ် သေသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေပြည်သာလျှပ်စစ်ရုံးမှာ လုံခြုံရေးယူထားတဲ့ အဆိုပါ စစ်သားတယောက်ဟာ သူ့ရဲ့ ရင်ဘတ်ကို သေနတ်နဲ့ပစ်ပြီး သေသွားခဲ့တာပါ။
"အရက်ကြောင် ကြောင်ပြီးတော့လို့ သတ်သေသွားတာလို့သိရပါတယ်။ ကျန်တဲ့ စစ် (---) တွေက သွေးတွေရေဆေးချနေတာတွေ့တယ်။ ထန်းခြောက်ပင် လမ်းဆုံကနေ ရွှေပြည်သာကွေ့အထိ အစောင့်ချထားတာတွေရှိပါတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။
ရွှေပြည်သာ လျှပ်စစ်ရုံးရဲ့ ခြံစည်းရိုးထောင့်မှာ သဲအိတ်တွေကာပြီး ရဲ ဒါမှမဟုတ် စစ်သား ၂ ယောက်လောက်က လက်နက်အသင့်နဲ့ ကင်းစောင့်လေ့ရှိကြတာပါ။