Home
မြန်မာသတင်း
လှည်းကူးမြို့နယ်တွင် မှုခင်းသတင်းထောက် ၁ ဦး၏ နေအိမ် ဓားပြတိုက်ခံရ
DVB
·
September 5, 2022
305189569_10158921816442913_3367415500584206136_n

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငြိမ်းချမ်းရေးရပ်ကွက်မှာ စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းက မှုခင်းသတင်းထောက် တယောက်ရဲ့ နေအိမ် ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လှည်းကူးမြို့နယ်၊ ငြိမ်းချမ်းရေးရပ်ကွက် အောင်မင်္ဂလာ ၂ လမ်းရှိ နေအိမ်တအိမ်ကို မနေ့နေ့လယ် သုံးနာရီဝန်းကျင်က အမည်မသိ အမျိုးသား လေးယောက်က  သေနတ်တွေကိုင်ဆောင် ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတယောက်က  ဒီဗွီဘီကို ပြောပါတယ်။

"ဓားပြတိုက်ခံရတဲ့အိမ်က မှုခင်းသတင်းထောက်အိမ်။ ပြောရရင် Informer (သတင်းပေး) အိမ်။ သူမရှိတုန်း သူမိန်းမနဲ့ ကလေးတွေပဲရှိနေတဲ့အချိန် ဓားပြတိုက်သွားတာ ရွှေငွေလက်ဝတ်လက်စား သိန်းသုံးရာဖိုးလောက် ပါသွားတယ်လို့ ကြားတယ်။”

အဆိုပါနေအိမ်မှာ အမျိုးသမီးတယောက်နဲ့  ကလေးငယ်တွေပဲရှိနေတဲ့အချိန် သေနတ်သမားတွေက  ရွှေငွေလက်ဝတ်စားတွေကို ယူဆောင်သွားတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။

"သေနတ်နဲ့ပစ်တာလည်းမဟုတ်၊ သေနတ်ဖောက်သံလည်း မကြားတော့ ဓားပြတိုက်မှန်းမသိဘူး။ နောက်မှသိတာ သိန်းသုံးရာဖိုးလောက်ပါသွားတယ်ဆိုတာ ကာယကံရှင်ကပြောတာပါ။”

လတ်တလောမှာ   စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက လှည်းကူးတာဆုံနဲ့ ငြိမ်းချမ်းရေးရပ်ကွက်ရှိ လမ်းဆုံတွေမှာ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လှည်းကူးမြို့နယ်မှာ ပြီးခဲ့တဲ့လတွေက သတင်းပေးတွေကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတချို့  ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024