Home
မြန်မာသတင်း
တမူး PDF က စစ်တပ်ထုတ်ကုန် ဒဂုန်ဘီယာဖာ ၂၀၀ ဖမ်းဆီးရမိ
DVB
·
August 30, 2022
301573625_597290325372974_2303002613744150879_n

ဩဂုတ် ၂၉ ရက်က  ကလေးမြို့မှ တမူးမြို့ကို မောင်းနှင်လာတဲ့ ကားတစီးကို ရပ်တန့်စစ်ဆေးရာ စစ်တပ်ထုတ်ကုန် ဒဂုန်ဘီယာဖာ ၂၀၀ သိမ်းဆည်းရမိခဲ့တယ်လို့ တမူး PDF က ထုတ်ပြန်ပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး-တမူး အာရှလမ်းမကြီးပေါ်မှာ နယ်မြေစိုးမိုးရေး ဆောင်ရွက်မှုအရ စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ ကုန်ပစ္စည်းတွေ ကူးသန်းရောင်းဝယ်မှု ရှိ၊ မရှိ စစ်ဆေးမှုများကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဉ် ပြုလုပ်နေတာလို့ ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ ဒဂုန်ဘီယာဖာတွေအား တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၃) က ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်း မူးယစ်ဆေးဝါး၊ ရွှေမှောင်ခို၊ တရားမဝင် ငွေမည်းမှောင်ခို၊ သစ်မှောင်ခိုလုပ်ငန်းတွေကို ဖမ်းဆီးအရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးတွေကို သယ်ယူဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့လည်း တမူး PDF က ထပ်မံသတိပေးထားပါတယ်။

တမူး PDF တပ်ရင်း ၃ ရဲ့ တာဝန်ခံက “စစ်တပ်ထုတ်ကုန်တွေ မရောင်းချဖို့နဲ့ သယ်ယူတင်ဆောင်ခြင်း မပြုလုပ်ကြဖို့ကို အကြိမ်ကြိမ် သတိပေးထားပါတယ်။ အခု ဖမ်းဆီးရမိတဲ့သူကိုတော့ အရေးမယူတော့ဘူး၊ နောက်တခါ လိုက်နာမှု မရှိတဲ့သူတွေကိုတော့ စစ်ဆေးအရေးယူမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇူလိုင် ၄ ရက်နေ့ကလည်း ကလေး-တမူးလမ်းကြောင်းပေါ်မှာ ခြောက်ဘီးကားတစီးကို ရပ်တန့် စစ်ဆေးခဲ့ရာ ဆပ်ပြာခွက်နဲ့ထည့်ထားတဲ့ မူးယစ်ဆေးဝါး ဘိန်းဖြူတွေကို ၆ ခွက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဇွန် ၂၀ ရက်နေ့ကလည်း ကလေး-တမူး အာရှလမ်းမပေါ်မှာ မောင်းနှင်လာတဲ့ ကားတစီးကို ရပ်တန့်စစ်ဆေးခဲ့ရာ စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ၉၈ ဖာ တင်ဆောင်လာတာ စစ်ဆေးတွေ့ရှိရတာကြောင့် ဖျက်ဆီးပစ်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024