အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်အတွင်းရှိ စစ်ဘေးရှောင် မြန်မာပြည်သူတွေကို မရာ နယ်မြေအုပ်ရေးကောင်စီ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနက ဆန်၊ ဆီ၊ ပဲ စတဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပါတယ်။
အဆိုပါ ထောက်ပံ့မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပေးပို့တဲ့ ထောက်ပံ့ငွေတွေနဲ့ အနယ်နယ် အရပ်ရပ်မှ မရာပြည်သူ စေတနာရှင်တွေရဲ့ အလှူငွေတွေနဲ့ ထောက်ပံ့ခဲ့တာပါ။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်အတွင်း ကျေးရွာ ၂၅ ရွာမှာ စစ်ဘေးရှောင်စခန်း ၆ ခုမှ မြန်မာစစ်ဘေးရှောင်ပြည်သူပေါင်း ၉၀၀၀ ကျော်ရှိတဲ့အနက် ပြည်သူ ၂၀၀၀ ကျော်ကိုသာ ထောက်ပံ့နိုင်ပါသေးတယ်။
အနယ်နယ်အရပ်ရပ်မှ စေတနာရှင်တွေအနေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို မိမိ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးကြဖို့နဲ့ ကူညီထောက်ပံ့လိုပါက မရာ နယ်မြေအုပ်ချုပ်ရေးကောင်စီ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနကို ဆက်သွယ်နိုင်ပါတယ်။