စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးမှာ သြဂုတ် ၂၅ ရက် မနက်က အင်အားရစ်ချ်တာစကေး ၅ ဒသမ ၂ ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။
ဒီနေ့မနက် ၄ နာရီ ၁၈ မိနစ်ကျော်လောက်က တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၃၄ မြန်မာနိုင်ငံပြည်တွင်း မော်လိုက်မြို့ရဲ့ အရှေ့မြောက်ဘက် ၂၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၃.၈၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇)ဒီဂရီ၊ အနက် (၈၅) ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာ ဖြစ်ပါတယ်။
အဆိုပါမြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ သတင်းတွေကိုတော့ မကြားသိရသေးပါဘူး။