Home
မြန်မာသတင်း
စစ်တပ်က နတ်မြစ်ရေလမ်းကြောင်းမှတဆင့် မောင်တောမြောက်ပိုင်းသို့ အင်အားဖြည့်တင်း
DVB
·
August 24, 2022
300960366_806949110327484_732501202793291398_n
301375813_806949470327448_1827883577229418037_n

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း အေအေ အခြေစိုက်ရာ လက်ပံတောင်ကြောကို စစ်ကောင်စီက ထိုးစစ်ဆင်နေပြီး လူအင်အား၊ လက်နက်အင်အားတွေကို မောင်တောကတဆင့် နတ်မြစ်ရေလမ်းကြောင်းကို အသုံးပြု ထောက်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါးခူရကျေးရွာဒေသခံတယောက်က “နတ်မြစ်ရေလမ်းကြောင်းက စစ်အင်အားထောက်ပို့မှု ပြုနေတာ ၃ ရက်လောက်ရှိပြီ။ POE စခန်းက ငမန်းရေယာဥ်တွေ၊ စက်လှေတွေနဲ့ ထောက်ပို့မှုလုပ်နေတာ” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က အေအေ အခြေစိုက်ရာ ဝေလာတောင်ကြော လက်ပံတောင်ဒေသကို ထိုးစစ်ဆင်နေပြီး ထိုးစစ်အတွက် လိုအပ်တဲ့ လက်နက်၊ ရိက္ခာတွေကို ကုန်းလမ်းကြောင်းမှ မသွားဝံ့တော့ဘဲ ရေလမ်းကြောင်းကို အသုံးပြုပြီး ထောက်ပို့နေတာလည်း ဖြစ်ပါတယ်။

စစ်ရေးလေ့လာသူတယောက်က “သူတို့က ကုန်းလမ်းကနေ လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာတွေ ထောက်ပို့မှု မပြုနိုင်တော့ဘူး။ အေအေက ကြားဖြတ်တိုက်မှာကို သိနေကြတာ။ အဲဒါကြောင့် နတ်မြစ်ကို အသုံးပြုပြီး poe က ကျွဲရေယာဥ်တွေနဲ့ တောင်ပြို၊ ငါးခူရ၊ ကြိမ်ချောင်း ဒေသတွေကို ထောက်ပို့နေကြတာ” လို့ ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီးမှာ  ဇူလိုင် ၁၈ ရက် မနက် ၁၁ နာရီကျော်လောက်က စစ်ကောင်စီ ကားတစီးကို အေအေ မိုင်းဆွဲတိုက်ခိုက်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင် အယောက် ၂၀ ကျဆုံးကာ ၁၄ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီဖြစ်စဥ် ဖြစ်ပွားပြီးနောက် မောင်တောမြောင်ပိုင်း လမ်း‌တွေကို စစ်ကောင်စီက အကန့်အသတ်မဲ့ ပိတ်ထားလိုက်ပြီး ကုန်းလမ်းမှ ရိက္ခာ၊ လက်နက်နဲ့ လူအင်အားထောက်ပို့မှု ရပ်တန့်ကာ အခုလို ရေလမ်းကြောင်းအသုံးပြုပြီး ထောက်ပို့မှု ပြုလုပ်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024