Home
မြန်မာသတင်း
မန္တလေးက ကျောက်မျက်လုပ်ငန်းရှင်တဦးကို စစ်ကောင်စီဖမ်းဆီး၊ ပိုင်ဆိုင်မှုများကို သိမ်း
DVB
·
August 22, 2022
U Kyaw Thu Ra Mandaly Jewellery owener 1
Myanmar Thura Jewellery 06
298974849_1118864395673085_2900087572986951955_n
Myanmar Thura Jewellery 01
Myanmar Thura Jewellery 02
Myanmar Thura Jewellery 03
Myanmar Thura Jewellery 04
Myanmar Thura Jewellery 05

မန္တလေးမြို့က ကျောက်မျက်လုပ်ငန်းရှင်တယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပိုင်ဆိုင်မှု ကျပ်သိန်းပေါင်း ၁၂၀,၀၀၀ လောက်ကို သိမ်းဆည်းချိပ်ပိတ်လိုက်ပါတယ်။

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဩဇာခံမီဒီယာတွေမှာ မနေ့ညပိုင်းက ဖော်ပြခဲ့တာပါ။

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီက ယာဉ်မောင်း ကိုမွန်သူအောင်ကို သတင်းပေးချက်အရ ဩဂုတ် ၁၇ ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ဆိုပြီး ကိုမွန်သူအောင်ရဲ့ ထွက်ဆိုချက်အရ နေ့လယ်ပိုင်းမှာ ဦးကျော်သူရကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

သူတို့က PDF တွေနဲ့ CDM ဝန်ထမ်းတွေကို ကျပ်သိန်း ၆၁၅၀၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀၊ တရုတ်ယွမ် ၁၉၀၀၀ နဲ့ Alphard ကားတစီးကို လှူဒါန်းခဲ့တယ်လို့လည်း စစ်ကောင်စီ ဩဇာခံမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဦးကျော်သူရပိုင်ဆိုင်တဲ့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်က အဆောက်အဦ ၄ လုံးနဲ့ မော်တာ်ယာဉ်မျိုးစုံ ၅ စီး၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်က အဆောက်အဦ ၃ လုံး၊ မော်တော်ယာဉ် ၂ စီး၊ ကျောက်စိမ်းဖြတ်သား တန် ၈၀၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်က ခြံဝန်းနဲ့ အဆောက်အဦ ၁ လုံး၊ ဒက္ခိဏသီရိမြို့နယ်က ခြံဝင်းနဲ့ အဆောက်အဦ ၂ လုံး၊ မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်က ခြံဝန်းနဲ့ အဆောက်အဦ ၁ လုံး၊ ဖားကန့်မြို့နယ်၊ နမ္မရွာက မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ ခြံဝင်းထဲက အဆောက်အဦ ၁၈ လုံး၊ ကျောက်စိမ်းဖြတ်သား ၁၉၃ တန်၊ မီးခံသေတ္တာ ၂ လုံးနဲ့ ကား ၁ စီး၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုက ၁၀ ဧကကျယ်တဲ့ ကျောက်စိမ်းလုပ်ကွက်၊ အဆောက်အဦ ၇ လုံး၊ ကျောက်ဖြတ်သား တန်ချိန် ၃၀၊ မြေသယ်ယာဉ် ၁၄ စီး၊ မြေကော်စက် ၅ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ ကျောက်ဖောက်စက်၊ ကျောက်ဖြတ်စက်တို့ကို ချိပ်ပိတ် သိမ်းဆည်းလိုက်တယ်လို့လည်း ဆိုပါတယ်။

ဒီပစ္စည်းတွေရဲ့တန်ဖိုးဟာ ကျပ်သိန်းပေါင်း ၁၁၈,၄၄၉ ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024