မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဇီးဖြူပင်ကြိုးတံတားမှာ ဩဂုတ် ၂၁ ရက် နေ့လယ် ၂ နာရီကျော်က ခြေလျှင်စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
အင်အား ၂၇ ယောက်ပါဝင်တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသခံတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ နတ်ဆိုးနဲ့ တိုက်သိမ်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး စစ်ကူခေါ်ကာ သေဆုံးရုပ်အလောင်းတွေကို အနီးအနား နေရာမှာတင် မြှုပ်သွားတယ်လို့ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့ ) က ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၁၇ ရက်ကလည်း မတ္တရာမြို့နယ် ညောင်ငုတ်တိုနဲ့ ကျောက်ဆည်လေးကျေးရွာကြားမှာ နယ်မြေရှင်းလင်းဖို့လာတဲ့ ကား ရှစ်စီးပါ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ ကားတစီးထိမှန်ပြီး စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။