Home
မြန်မာသတင်း
လောင်းလုံးတွင် အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ ဖွဲ့စည်း
DVB
·
August 19, 2022
Laung Lone BEHS Union

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေး သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ အခြေခံပညာကျောင်းသားတွေက သပိတ်ကော်မတီကို စတင်ဖွဲ့စည်းလိုက်တယ်လို့ ဩဂုတ် ၁၈ ရက်နေ့က ကြေညာလိုက်ပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် လက်နက်မဲ့ လူထုသပိတ်တိုက်ပွဲကို တော်လှန်ရေးတိုက်ပွဲနည်းနာတရပ်အဖြစ် ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“အရင်ဦးဆောင်တဲ့သူတွေ မရှိတဲ့နောက်ပိုင်း အခြေခံပညာကျောင်းသားများသပိတ်ဟာ ခေတ္တပျောက်ကွယ်သွားပါတယ်။ အဲဒါကြောင့် အခု မြေပြင်မှာ လှုပ်ရှားနေတဲ့ ကျောင်းသားများအနေနဲ့ သပိတ်ကို ပြန်လည်အကောင်အထည်ဖော်ဖို့ ကော်မတီကို ပြန်လည်ဖွဲ့စည်းလိုက်ရတယ်” လို့ တာဝန်ရှိသူက ပြောပါတယ်။

အခုလှုပ်ရှားနေတဲ့သူတွေက အရင် လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများ သမဂ္ဂရဲ့ သပိတ်ကော်မတီမှာ ပါဝင်ဖူးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ရဲ့ အဖွဲ့ဝင်အင်အားစုအဖြစ် ရပ်တည်ပြီး လူထုသပိတ်တိုက်ပွဲတွေမှာ ဦးဆောင်ပါဝင် တိုက်ပွဲဝင်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024