ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းအနီးမှာ လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေပြီး လေပွေလှိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းတချို့မှာ မိုးကြီး လေပြင်းတိုက်နိုင်တယ်လို့ မိုးဇလဌာနက ဩဂုတ် ၁၈ ရက် ဒီမနက်ထုတ်ပြန်ပါတယ်။
အဆိုပါလေပွေလှိုင်းဟာ ပိုမိုအားကောင်းလာပြီး နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။
လေပွေလှိုင်း အရှိန်ကြောင့် ဒီနေ့မနက်မှ ဩဂုတ် ၂၀ အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မိုးကြီးလေပြင်းတိုက်နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမှာဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၂၀ အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့် ၉ ပေမှ ၃ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်းတာနဲ့အတူ လေပြင်းတိုက်၊ လျှပ်တစ်ပြက် ရေကြီး၊ မြေပြို သဘာဝဘေးအန္တရာယ်ဖြစ်နိုင်လို့ ကုန်းမြင့်ဒေသ အနီးနေထိုင်ကြသူတွေနဲ့ ပြည်တွင်းရေ ကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးအနေနဲ့ ကြိုတင်သတိပြုဖို့ မိုးဇလက နှိုးဆော်ထားပါတယ်။
Photo-မိုးဇလ