Home
ရုပ်သံ
တော်လှန်အနုပညာရှင် မြတ်နိုးအေးမွေးနေ့ Project Dream ကမ်ပိန်း ကျပ် ၁ သောင်းခွဲဖြင့် ပါဝင်နိုင် (ရုပ်သံ)
DVB
·
August 15, 2022
298570477_623369799147843_348244211959511366_n

စစ်အာဏာရှင်ကို တွန်းလှန်ရင်း မြန်မာ့နွေဦးတော်လှန်ရေးမှာ တတပ်တအားပါဝင်နေတဲ့ အနုပညာရှင်သရုပ်ဆောင် မြတ်နိုးအေးက သူ့ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် Project Dream ကမ်ပိန်းကို ဩဂုတ် ၁၅ ရက် ဒီကနေ့ စတင်လိုက်ပါတယ်။

“အသက် တစ်နှစ်ကြီးလာပြီ… အိမ်နဲ့အဝေးကို ရွှေ့ရင်းပြောင်းရင်း၊ အိပ်မက်တွေနဲ့ အဝေးကို ပြေးရင်းလွှားရင်း၊ စိတ်ဓါတ်တွေ တက်လိုက်ကျလိုက် ဖြစ်ရင်းနဲ့ ဖြတ်သန်းရတဲ့ ဒုတိယမြောက်မွေးနေ့ပေါ့။ ဒါပေမယ့်လည်း ဘာတွေပဲ ဒုက္ခရောက်ရောက်ပါ… အနောက်ကို ပြန်လှည့်ကြည့်လိုက်တိုင်း ကိုယ့်သမိုင်းမှာ နောင်တမရစေမယ့် ရပ်တည်ချက်နဲ့ ခံယူချက်တွေအတွက်တော့ လိပ်ပြာလုံလို့ ကျေနပ်ရပါတယ်😇 ရင်းခဲ့ရတဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ ဘဝတွေ အိပ်မက်တွေကတော့ ထားပါတော့လေ။  ကိုယ့်ထက်စွန့်လွှတ်ရတဲ့သူတွေကြားထဲမှာ ကိုယ့်ဆုံးရှုံးမှုတွေကို အသေးစိတ် ထိုင်ညည်းဖို့ မရဲဘူးလေ… အသက်ကြီးလာလို့ ရင့် ကျက်သွားတာပဲလား… ကြုံခဲ့ရတဲ့ အခြေအနေတွေကြောင့်ပဲလားတော့မသိဘူး… ဒီနှစ်မွေးနေ့မှာ အရင်တုန်းကလို အထူးတလည် ရင်ခုန်ပြီးတော့ ကျင်းပချင်စိတ်လည်း မရှိနေဘူး။ အတ္တတွေနဲ့ နောင်ဘဝ ဘာ ဖြစ်ပါစေ ညာဖြစ်ပါစေတွေနဲ့ တစ်ကိုယ်ရည်အကျိုးမျှော်မှန်းပြီးလည်း မလှူတန်းချင်တော့ဘူး။ တကိုယ်ရည်အကျိုးထက် ရင်းထားရတဲ့ ကိုယ့်ရဲ့တော်လှန်ရေး ရဲဘော်တွေ အားလုံး၊ ပြည်သူတွေအားလုံး လွတ် မြောက်နိုင်ဖို့ အကျိုးအတွက်ပဲ လှူချင်စိတ်ရှိတော့တယ်။ အဲ့ဒါကြောင့်ပဲ မြတ်နိုးရဲ့မွေးနေ့လေးမှာ အမှတ်တရအဖြစ် Project Dream💭 ဆိုပြီး Fundraising တစ်ခုလုပ်ဖြစ်သွားတာပါပဲ။”

ဒီကမ်ပိန်းမှာတော့ မြတ်နိုးအေးပိုင်ဆိုင်တဲ့ လက်စွပ်ကို ပထမဆုအနေနဲ့ ထည့်သွင်းထားပြီး နောက်ထပ် နားကပ်၊ ဆွဲကြိုး၊ ရေမွှေး နဲ့ လက်ကိုင်အိတ် စတဲ့ ဆုမဲ ၄ ခုကိုလည်း ထည့်သွင်းထားကာ လက်မှတ်တစောင်ကို မြန်မာငွေကျပ် ၁ သောင်းခွဲနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြားနိုင်ငံရပ်ခြားကဆိုရင်တော့ ကမ်ပိန်းလက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၀၊ ထိုင်းဘတ် ၃၀၀၊ စင်ကာပူ ၁၅ ဒေါ်လာ၊ ဩစတေးလျ ၁၅ ဒေါ်လာ စတဲ့ ငွေကြေးတွေအသီးသီးနဲ့ ပါဝင်နိုင်ပြီး စက်တင်ဘာ ၉ ရက်အထိ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

သူစိမ်းအိမ်၊ ည စတဲ့ရုပ်ရှင်ကားတွေမှာ ထူးခြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေ အားပေးချစ်ခင်မှု ရရှိခဲ့တဲ့ လူငယ်သရုပ်ဆောင် မြတ်နိုးအေးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာမို့ စစ်ကောင်စီက လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်မှုယန္တရားပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံ့ ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့လှုံ့ဆော်တာ၊ CRPHကို ထောက်ခံတာ စတာတွေကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရတာ ဖြစ်ပါတယ်။

လက်မှတ်ဝယ်ယူရန် ~

fb.me/WeR1.sgsupport

m.me/WeR1.sgsupport

MyatNoeAye x We Are One

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013