Home
မြန်မာသတင်း
ခါရာနှင့် မြတ်နိုးအေး ပါဝင်သည့် ဖန်စီအချစ်ဒရာမာရုပ်သံစီးရီးစ်-“ရင်ခုန်သံ ၇၄ ရက်”(Teaser)
DVB
·
July 21, 2020
Untitled-1
       ပရိတ်သတ်အချစ်တော် လူငယ်သရုပ်ဆောင်မင်းသားတလက်ဖြစ်တဲ့ ခါရာနဲ့ မြတ်နိုးအေးတို့ ပါဝင်ထားကြတဲ့ ရုပ်သံစီးရီးစ်သစ်ကို မကြာခင်မှာ ထုတ်လွှင့်ပြသသွားဖို့ ရှိနေပါတယ်။        ရင်ခုန်သံ ၇၄ ရက်လို့ အမည်ပေးထားခဲ့တဲ့ ဒီရုပ်သံစီးရီးစ်ကိုတော့ ဒါရိုက်တာ မေ ဘရဏီ က ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။        ဖန်စီအချစ်ဒရာမာ ရုပ်သံဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ ဒီကားထဲမှာတော့ ခါရာကို နတ်သားတပါးအနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာဖြစ်ကာ ထူးခြားတဲ့ ဝတ်စုံဒီဇိုင်းအ သွင်အပြင်တွေနဲ့ ဖန်တီးထားတာကို တွေ့ကြရမှာပါ။        MNTV နဲ့ Bonanza Productions တို့က ပူးပေါင်းတင်ဆက်လိုက်တဲ့ ဒီရုပ်သံစီးရီး စ်ထဲမှာ ခါရာ၊ မြတ်နိုးအေးတို့နဲ့အတူ မိုးယံဇွန်၊ ပြည့်ဝတီမောင်တို့ကလည်း ပါဝင်ထားကြ ကာ ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေနဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။        လတ်တလောမှာတော့ ဒီရုပ်သံစီးရီးစ်ကို ဘယ်နေ့မှာ စတင်ထုတ်လွှင့်မယ်ဆိုတာ ကိုတော့ မသိရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013