Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းတွင် စစ်တပ်ကို ရိက္ခာသွားပို့သည့် အရပ်သား ၆ ဦး ဖမ်းဆီးခံရ
DVB
·
August 13, 2022
489119-Chaung-U-730x365

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း ခမောင်းဆိပ်မြို့နယ်၊ ဝေလာတောင်ကြောမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ကို ရိက္ခာသွားပို့ပေးရတဲ့ အရပ်သား ၆ ယောက်ကို သြဂုတ် ၁၂ ရက်ညမှာ ရက္ခိုင်တပ်တော် (အေအေ)က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်အောင်ပြင်ကျေးရွာသားတဦးက “ကျနော်တို့ ရွာက ရခိုင်တဦးပါတယ်။ နောက် တခြားရွာတွေက ခမီ ၅ ဦးပါတယ်။ စစ်တပ်ကို ရိက္ခာတွေ သွားပို့ကြတာ တောထဲမှာ အေအေက ဖမ်းသွားတယ်” လို့ ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ဆုတ်ခွာသွားတဲ့ နယ်ခြားစောင့် စခန်းက ၇ ခု အထိရှိနေကြောင်း သြဂုတ် ၁၁ ရက်သတင်းစာရှင်းလင်းပွဲမှာ အေအေပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

အေအေဘက်ကို ရိက္ခာတွေ မရောက်ရှိအောင် စစ်ကောင်စီက နည်းမျိုးစုံနဲ့ တားဆီးနေပြီး အေအေ ဘက်ကလည်း စစ်ကောင်စီရဲ့ ရိက္ခာထောက်ပံ့ရာ လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို အသုံးချပြီး ရိက္ခာပို့ဖို့ လုပ်နေတယ်လို့ စစ်ရေး လေ့လာသူတွေက ပြောပါတယ်။

စစ်ရေးလေ့လာသူတဦးက "ဝေလာတောင်ကြောကို စစ်ကောင်စီက ထိုးစစ်ဆင်တော့ ပိတ်မိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ ရှိတယ်။ ပြန်မထွက်ရဲတော့ဘူး။ ရိက္ခာပို့မယ် စစ်ကြောင်းတွေလည်း ကြားဖြတ်အတိုက်ခံရမှာ ကြောက်ပြီးမသွားရဲတော့ အရပ်သားပြည်သူတွေကို ရိက္ခာပို့ ခိုင်းလာတာ။"

မောင်တောမြို့နယ်မြောက်ပိုင်း အေအေအခြေစိုက် လက်ပံတောင်ကြောကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024