ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့ ဆိုလားကူးကျေးရွာအနီးတစ်ဝိုက်မှာ ဩဂုတ် ၉ ရက်ကနေ ၁၂ ရက်အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦး ထက်မ နည်းသေဆုံးပြီး လွိုင်ကော် PDF မှ ရဲဘော် ၁ ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲတပ်ရင်း ၂ က ထုတ်ပြန်ပါတယ်။
ဆိုလားကူးကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၂၀၀ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုးဗြဲ တပ်ရင်း ၂ ၊ လွိုင်ကော် PDF ၊ KA၊ KNDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ၊ တပ်ရင်း ၁၁၀၁၊ ဒီးမော့ဆို PDF၊ တပ်ရင်း ၁၁၀၇၊ မိုးဗြဲ PDF၊ KRU နဲ့ KGZ စတဲ့ မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂ ဦးထက်မနည်း သေဆုံးပြီး လွိုင်ကော် PDF မှ အသက် ၁၉ နှစ်အရွယ် ရဲဘော် စီနီးလို သေဆုံးခဲ့သလို နောက်ထပ် ရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဆိုလားလူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးအဖွဲ့နဲ့ ဒေသခံမဟာမိတ်တပ်ပေါင်းစုများကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၁ ဦးကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့မှ သုတ်သင်ရှင်းလင်းနိုင်ခဲ့ တယ်လို့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ဩဂုတ် ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။