Home
မြန်မာသတင်း
ကျောက်ကြီးမြို့နယ် တိုက်ပွဲများ၌ စစ်ကောင်စီဘက်က ၄၀ ကျော် သေဆုံး
DVB
·
August 12, 2022
298507503_5523040754420447_1637070957582756688_n

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း ဩဂုတ် ၈ ရက်ကစပြီး KNU တပ်ရင်း ၉ နယ်မြေ စစ်တောင်းမြစ်ဘေး လိမ်ပင်ကျေးရွာနဲ့ ပဲ့သောင်ရွာနားဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ  စစ်ကောင်စီ ဘက်က ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်‌သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ KNLA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

၈ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူး သေတာကြောင့် ရဟတ်ယာဉ်နဲ့ ပစ်ကူလာပေးပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဒိုးတန်းရွာကနေပါ စစ်ကူတွေ ထပ်လာ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် လိမ်ပင်ရွာက ​အမျိုးသမီး တဦး ခေါင်းကို ကျည်စ ရှပ်ထိသွားတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၁၁ ရက် ညနေကစပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို အကုန်ဆုတ်ခွာ ပြေးကြရပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်က လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ မြစ်ထဲမှာတော့ စစ်ကောင်စီအလောင်းတွေ တွေ့ရတယ်လို့ ရွာခံ တဦးက ပြောပါတယ်။

​ဩဂုတ် ၁၀ ရက်ကလည်း တပ်ရင်း ၈ နယ်မြေ တိုင်ပင်ကျေးရွာနဲ့ မျက်ရဲကျေးရွာနားမှာ စစ်ကောင်စီကားကို KNLA က မိုင်းဆွဲ တိုက်ခိုက်ရာမှာ ၅ ယောက် သေပြီး ဒဏ်ရာရသူတွေ ရှိပေမဲ့ အရေအတွက်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ ဇွန် ၂၅ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို စစ်ဘေးရှောင်နေကြရတယ်လို့ လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024