Home
မြန်မာသတင်း
နမ့်ခမ်းမြို့ရှိ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသည့်နေရာကို TNLA က ရှင်းလင်း
DVB
·
August 8, 2022
298286740_3189545701302684_7968134411290078531_n

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှာရှိတဲ့ မူးယစ်ဆေးဝါး လက်လီရောင်းဝယ်သုံးစွဲနေတဲ့နေရာတခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က အခုရက်ပိုင်းအတွင်း ဝင်ရောက် ရှင်းလင်းခဲ့ပါတယ်။

နမ့်ခမ်းမြို့နားက လယ်ကွင်းပြင်မှာ တဲအိမ်ငယ်တွေကို တောင်ပေါ်စျေးလို စီတန်းဆောက်လုပ်ပြီး မူးယစ်ဆေးဝါးရောင်းချသုံးစွဲနေတဲ့ နေရာတခုကို ဇူလိုင်လကုန်ပိုင်းကနေ သြဂုတ် ၅ ရက်အထိ TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဝင်ရောက်ရှင်းလင်းရာမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ​ရောင်းဝယ်သူ တယောက်နဲ့  သုံးစွဲသူ ၁၁၆ ယောက်ကို  ဖမ်းဆီးရမိခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးရောင်းချသုံးစွဲတဲ့နေရာဟာ စစ်ကောင်စီတပ် လက်အောက်ခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့  ရဲတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက အဲ့ဒီနေရာဟာ မူးယစ်ဆေးဝါးရောင်းချသုံးစွဲခဲ့တဲ့နော တခုဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်သားတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့လည်း လာရောက်သုံးစွဲတာတွေကို တွေ့မြင်နေရတယ်လို့ မျက်မြင်မြို့ခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024