မိုင်းကျက်အထက်ဂူမှာ ၃ နှစ်ကျော်ကြာ ဂူအောင်း အဓိဋ္ဌာန်ကျင့်ကြံအားထုတ်ပြီး ပြန်ထွက်လာတဲ့ မိုင်းဖုန်းဆရာတော်ကို ဖူးမျှော်နိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တာချီလိတ်မြို့မှာ ခမ်းခမ်းနားနား ပြင်ဆင်ခဲ့ပေမဲ့ ဆရာတော်ဟာတာချီလိတ်မြို့ကို မကြွချီပဲ မိုင်းတုံမြို့ကို ကြွချီသွားပါတယ်။
ဆရာတော် သီတင်းသုံးတော်မယ့် ကျောင်းတော်ဟာ တာချီလိတ်မြို့နယ် မိုင်းဖုန်ကျောင်းတိုက်ဖြစ်ပေမယ့် ဩဂုတ် ၆ ရက်မနက် အစောပိုင်းမှာ မိုင်းတုံမြို့ကို ကြချီတော်မူခဲ့တာပါ။
မိုင်းတုံ နားကောင်းမှုဒေသ ထိုင်းနယ်စပ်မှာရှိတဲ့ နရစွမ်ဘုရင်အုတ်ဂူစေတီ ထီးတော်တင်ခဲ့ပြီး မိုင်းပန်ကို ဆက်လက် ကြွချီကာ ညပိုင်း တရားဟောကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆရာတော်ကို ဒေသခံတွေက ခမ်းခမ်းနားနား ဖူးမျှော်ကြိုဆိုခဲ့ကြပြီး ဒီကနေ့ ဩဂုတ် ၇ ရက် မနက်ပိုင်းမှာ မိုးနဲနဲ့ နမ့်စမ်ဘက်ကို ထပ်မံ ထွက်ခွာသွားပါတယ်။
ဆရာတော်ဟာ ပင်လုံဘက်ကိုလည်းထပ်မံ ကြွချီတော်မူမယ်လို့လည်း သိရပါတယ်။ ပင်လုံခရီးစဉ်ပြီးရင်တော့ ဆရာတော်ဟာ လွိုင်လင်၊ ကျိုင်းတုံ၊ တာချီလိတ်နဲ့ မိုင်းဖုန်းဘက်ကို ပြန်လည်ကြွချီမယ်လို့ အသိပေးထားပါတယ်။
မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်၊ ဖန်ဖုကျေးရွာအုပ်စု မိုင်းကျက်ဂူထဲမှာ အချိန် ၃ နှစ် ၃ လ ၃ ရက်တာ တရားအား ထုတ်နေခဲ့ရာမှာ အဓိဋ္ဌာန်အောင်မြင်ပြီဖြစ်လို့ ဩဂုတ် ၁ ရက် မနက် ၇ နာရီမှာ ဂူထဲကနေ ထွက်ခဲ့ရာမှာ ရဟန်းရှင်လူပြည်သူသောင်းချီ ကြိုဆိုခဲ့ကြပါတယ်။