Home
မြန်မာသတင်း
အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၂၄ ယောက်ကို သာယာဝတီထောင်သို့ပြောင်းရွှေ့
DVB
·
August 7, 2022
296155784_5351206614914483_7394397527748229313_n

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဥက္ကဋ္ဌ ကိုခန့်သူအောင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၂၄ ယောက်ကို ဩဂုတ် ၅ ရက် ညနေပိုင်းမှာ အင်းစိန်ထောင်ကနေ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

အကျဉ်းဦးစီးဌာန ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို အခုလို့ ဘာ့ကြောင့် ထောင်ပြောင်းတယ်ဆိုတာအတိအကျ မသိရသေးပါဘူး။ 

အခုလို မိသားစုတွေကိုအသိမပေးဘဲ  နိုင်ငံရေးအကျဥ်းသားတွေကိုထောင်ပြောင်းရွေ့မှု ပြုလုပ်တာဟာ ဒီအကြိမ်ဟာ ဒုတိယမြောက်ဖြစ်ပြီး နိုင်ငံရေးအကျဥ်းသား စုစုပေါင်း ၁၃၀ နီးပါးပါဝင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီလို လုပ်ရပ်တွေဟာ မိသားစုဝင်တွေနဲ့ မတရားဖမ်းဆီးခံထားရသူတွေအပေါ် စိတ်ဓာတ်ပျက်ပြားစေဖို့ မတရားဖိနှိပ်တဲ့ လုပ်ရပ်ဖြစ်ပြီး ထောင်တွင်းလှုပ်ရှားမှုတွေကိုလည်း ထိန်းချုပ်နိုင်ဖို့  ကြံစည်လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် လူငယ် ၄ ယောက်ဖြစ်တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုခန့်သူအောင်၊ ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦး၊ ကိုမင်းဟိန်းခန့်၊ ကိုဖြိုးကျော့နိုင်တို့ အကြမ်းဖက်စစ်အုပ်စုက တာမွေမြို့နယ်၊ တာမွေဈေးအနီးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်က  ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

သင်္ကြန်အကြိုနေ့ တော်လှန်သင်္ကြန်အတာအိုးသပိတ်လှုပ်ရှားမှု ပြုလုပ်ဖို့အတွက် သွားရောက်ကြချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စီးနင်းလာတဲ့ ကားနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တစိုက်မတ်မတ် ပါဝင်လှုပ်ရှားခဲ့ကြတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024