ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နန်ရာကိုင်းကျေးရွာရှိ နယ်ခြားစောင့်စခန်းအား သြဂုတ် ၅ ရက် ညပိုင်းမှာ အေအေမီးရှို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဟုတ်ပါတယ်။ မနေ့က ညက အေအေ ဝင်လာတယ်ဆိုပြီး တိုက်ပွဲဖြစ်မှာကြောက်လို့ ရွာသား တွေ ထွက်ပြေးကြတော နယ်ခြားစောင့်တွေပါ ထွက်ပြေးကြတယ်။ နယ်ခြားစခန်းကိုတော အေအေဘက်က မီးရှို့သွားခဲ့တယ်။ တိုက်ပွဲတော့မဖြစ်ခဲ့ပါဘူး” လို့ နန်ရာကိုင်းကျေးရွာဒေသခံတဦးက ပြောပါတယ်။
နန်းရာကိုင်း ကျေးရွာမှာ အထိုင်ချထားတဲ့ နယ်ခြားစောင့်စခန်းမီးရှို့ခံရတာမှန်ကန်ပြီး သစ်တုံးနားခွဆုံကျေးရွာမှာတော့ နယ်ခြားစောင့်စခန်းအထိုင်မရှိဘဲ လုပ်ရှားယာယီစခန်းသာရှိကြောင်း သစ်တုံးခွဆုံကျေးရွာသားတွေက ပြောပါတယ်။
"နန်းရာကိုင်းမှာ နယ်ခြားစောင့်စခန်း မနေ့က မီးရှို့ခံရတာမှန်ပါတယ်။ သစ်တုံးနားခွဆုံမှာတော့ လုပ်ရှားစခန်းလောက်သာရှိတယ်။ အခုတော့ အေးဆေးဖြစ်သွားကြပါပြီ။"
မောင်တောမြို့နယ်မြောက်ပိုင်း လက်ပံတောင်ကြောကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲငယ်တွေ ရက်ဆက် ဖြစ်ပွားနေတာပါ။