Home
မြန်မာသတင်း
ထားဝယ်-ရေဖြူ ကားလမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
August 2, 2022
296376404_5105384382921396_3338648918431783725_n

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇီးကျရွာနဲ့ ညင်းထွေးရွာကြားမှာ စစ်ကောင်စီယာဉ်တန်းကို ဇူလိုင် ၃၀ ရက် ညနေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးနိုင်တယ်လို့ Dawei Guerrilla Revolution Force – DGRF အဖွဲ့က သြဂုတ် ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ရေဖြူဘက်မှ ထားဝယ်ဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို DGRF နဲ့ ရေဖြူပကဖရဲ့ ဝေဟင်တပ်စိတ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုမှာ အင်အားပြင်း လက်လုပ် ဆိုလာပြောင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက် စီးနင်းလိုက်ပါလာတဲ့ ကားတစီး ရုတ်တရက် ထိုးရပ်သွားပြီး တပ်ဖွဲ့ဝင် ၂ ဦးသာ မတ်တပ်ရပ်နေနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ကုတင် ၁၀၀ ဆေးရုံ ပို့ဆောင်ထားပြီး သေဆုံးသူအရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ဇူလိုင် ၂၉ ရက် မနက်ပိုင်းကလည်း သက်ကယ်ကွက်ကျေးရွာအနီး ရေး-ထားဝယ် ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း ၄ စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ 

ဇူလိုင် ၃၁ ရက်နေ့ ပြုလုပ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့  လုံခြုံရေးကောင်စီအစည်းအဝေးမှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်အထိ တနိုင်ငံလုံးမှာ လက်ပစ်ဗုံး လက်လုပ်ဗုံးပစ်ခံရတာ၊ မိုင်းခွဲခံရတာ ၇၂၄၆ ကြိမ်ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024