Home
မြန်မာသတင်း
မောင်တောရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းကို အေအေ တိုက်ခိုက်
DVB
·
August 2, 2022
473108-Htee-Gyiant-730x365

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင်အမှတ် ၄၀ နယ်ခြားစောင့်စခန်းကို ရက္ခိုင်တပ်တော် (အေအေ) က သြဂုတ် ၂ ရက် မနက် ၉ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်အရာရှိတွေ အပါအဝင် အကျအဆုံးရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးအရာရှိတဦးက ပြောပါတယ်။

“ဟုတ်တယ်။ မိုင် ၄၀ စခန်းကို အေအေဘက်က ဝင်တိုက်တာလို့ သိရတယ်။ အကျအဆုံးတော့ ရှိတယ်လို့ သိရတယ်။”

အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာမှာ အရင် ကသဲလူမျိုးတွေ နေထိုင်ခဲ့တဲ့ ငါးရံချောင်းကျေးရွာဟောင်းနဲ့ မှိုင်စရီ​ကျေးရွာအကြားရှိ နယ်ခြားစောင့်စခန်းဖြစ်တယ်လို့ ခမောင်းဆိတ် ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့မနက်က တိုက်ခိုက်မှုဖြစ်တာလို့ သိရတယ်။ အကျအဆုံးတော့ အတိအကျ ဘယ်သိပါ့မလဲ။”

မောင်တောခရိုင်ကို စစ်ကောင်စီက အငူမော်ဆိပ်ကမ်းမှတဆင့် နှစ်ရက်ဆက်တိုက် စစ်အင်အားတိုးချပြီးနောက် သြဂုတ် ၁ ရက် ည ၉ နာရီလောက်က မောင်တော-အငူမှော် ကားလမ်းပေါ်ရှိ မောရဝတီကျေးရွာ စစ်ဗျူဟာကုန်းအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024