အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်ကိုယ်စားလှယ်ရုံးကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇူလိုင် ၃၁ ရက် မနက်က ဖွင့်လှစ်လိုက်ပါတယ်။
ဖွင့်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးမိုးဇော်ဦး၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးတို့က အွန်လိုင်းကနေ Zoom meeting နဲ့ ဖွင့်လှစ်ပေးခဲ့တာပါ။
ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေကြောင့် တိုကျိုမြို့မှာ (NUG) ဂျပန်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စောဘလှသိန်းက ပြောပါတယ်။
NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို ဂျပန်လွှတ်တော်ကိုယ်စားလှယ်တွေလည်း လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။