၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထိုင်ဝမ်နိုင်ငံမှာ ဇူလိုင် ၃၀ ရက် ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ထိုင်ဝမ်ရောက် မြန်မာတွေ၊ ထိုင်ဝမ်နိုင်ငံသားတွေနဲ့ ထိုင်ဝမ်လွှတ်တော်အမတ်တွေပါ ပူးပေါင်းပါဝင်ခဲ့ကြပြီး သေဒဏ်ပေးကွက်မျက်ခံခဲ့ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ရဲ့ ရုပ်ပုံပါ ပိုစတာတွေကို ကိုင်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်။