ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ဗိုလ်ကြီး တယောက် ကယား (ကရင်နီ) ပြည်နယ်၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ထံကို CDM ပြုလုပ်လာတယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BPDF က ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက “CDM လုပ်လာတာတော့ နည်းနည်းကြာပါပြီ။ လက်နက်ခဲယမ်းပါလာတာ မရှိပါဘူး။ ဒီတယောက်နဲ့ဆိုရင် ကျနော်တို့အဖွဲ့ကို ဆက်သွယ်ပြီး CDM လုပ်လာတာ ၄ ယောက်ရှိပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါရေတပ်မှ CDM ဗိုလ်ကြီးဟာ Job For Kayah မှတဆင့် ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ထံကို ဆက်သွယ်ကာ လာရောက်ခိုလှုံခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင်ထားနိုင်ပြီလို့ သိရပါတယ်။