Home
မြန်မာသတင်း
ဥကရစ်ထ စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော် နေရပ်ပြန်
DVB
·
July 27, 2022
Oo Ka Rik Hta war victims comeback to home 1
Oo Ka Rik Hta war victims comeback to home 2
Oo Ka Rik Hta war victims comeback to home 3
Oo Ka Rik Hta war victims comeback to home 4
Oo Ka Rik Hta war victims comeback to home 5
Oo Ka Rik Hta war victims comeback to home 6

ကရင်ပြည်နယ်၊ မြဝတီခရိုင်ကနေ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ စစ်ရှောင်တိုင်းရင်းသားတွေထဲက အယောက်  ၁၀၀ ကျော်လောက်   ဇူလိုင် ၂၆ ရက်မှာ ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်လာခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ ဖုတ်ဖမြို့ ရပ်ကွက် ၅ မော်လီချိုင်းမှာ လက်ခံထားတဲ့ ယာယီစစ်ရှောင်တွေထဲက အမျိုးသား ၆၈ ယောက်၊ အမျိုးသမီး အယောက် ၅၀ စုစုပေါင်း ၁၁၈ ယောက် နေရပ်ပြန်လာကြတာဖြစ်ပြီး သေ့ဘောဘိုးရွာနဲ့ တခြားရွာသားတွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် ဝေါလေမြိုင်ဒေသ ဥကရစ်ထစခန်းကို KNLA ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ဖို့ ကြိုးစားရာက တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီလေတပ်ကလည်း တိုက်လေယာဉ်တွေနဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေ စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရတာပါ။

နေရပ်ပြန် စစ်ဘေးရှောင်တွေကို ထိုင်းစစ်တပ် လုံခြုံရေးအဖွဲ့နဲ့ နယ်မြေခံစစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူတွေက သောင်ရင်းမြစ်ကမ်းစပ်ကို စက်လှေနဲ့ အန္တရာယ်ကင်းစွာ ပို့ဆောင်ပေးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013