Home
မြန်မာသတင်း
မောင်တောမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦးနှင့် အရပ်သား ၂ ဦးကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်
DVB
·
July 25, 2022
Maung Daw Court

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦးနဲ့ အရပ်သား ၂ ဦးကို စစ်ကောင်စီက ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လှစ်ပြီး မောင်တောမြို့နယ်တရားရုံးမှာ ချုပ်ရမန်ရယူထားကြောင်း မိသားစုဝင်တွေထံက သိရှိရပါတယ်။

ရာဇတ်သတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၀၇ /၃၂၆ /၁၁၄ တို့နဲ့ အမူဖွင့်လှစ်ခံထားရသူသူတွေကတော့ ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုကိုအောင်(ခ)ဘုန်းကံနိုင်၊ တရိမ်းကျေးရွာအုပ်ချုပ်ရေးမှူး အိမ်စိုးမောင်း(ခ)ဇာလီ၊ သာယာကုန်းကျေးရွာတာဝန်ခံ မောင်ဘသိန်းနဲ့ အရပ်သား ဦးထွန်ရွှေနဲ့ ဦးထွန်းအေးကြိုင်င်တို့ဖြစ်တယ်လို့  ရဲမှတ်တမ်းအရ သိရပါတယ်။

အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက “အုပ်ချုပ်ရေးမှူး ၃ ဦးနဲ့ ဒေသခံအရပ်သား၂ ဦးကို လူသတ်မှု၊ လူသတ်ရန်ကြံစည်မှု၊ ပြင်းထန်ဒဏ်ရာရရှိစေမှု၊ ပူးပေါင်းပါဝင်ကူညီမှု စတဲ့ပုဒ်မ ၄ ခု နဲ့ သက်ဆိုင်ရာနယ်မြေစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့သိရတယ်။ သူတို့က တိုက်ပွဲဖြစ်တဲ့အထဲမှာ ပါတာလည်းမဟုတ်ဘူး။ ပါဝင်ပတ်သတ်တာလည်း မရှိဘူး”လို့ ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဇူလိုင် ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ အေအေတို့တိုက်ပွဲဖြစ်ပွားပြီးနောက် အုပ်ချုပ်ရေးမှူးတွေ မသင်္ကာမှုနဲ့ ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးပါဘူး။

“ဒီနေ့အထိဘယ်သူနဲ့မှ တွေ့ခွင့်မရဘူး။ ဘယ်မှာထားသလဲဆိုတာ မသိဘူး။ မောင်တောတရားရုံး ကို ချုပ်ရမန်လာယူတဲ့အခါမှာလည်း တွေ့ခွင့်မပေးဘူး”လို့ မိသားစုဝင်တစ်ဦးကဆိုပါတယ်။

လက်ရှိ ဖမ်းဆီးခံရသူ  ၅ ဦးကို လာမယ့် သြဂုတ်လ ၃ ရက်အထိ မောင်တောမြို့နယ်တရားရုံးမှာ  ချုပ်ရမန်ရယူထားတယ်လို့ မောင်တောမြို့နယ်တရားရုံးကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024