Home
မြန်မာသတင်း
ဂျပန်မြို့ကြီး ၈ မြို့တွင် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ
ဇော်ဇော်လှိုင်
·
July 25, 2022
294573015_10228752094045194_8594650556318045432_n
294506777_10228752094685210_2534481998849719274_n
295646005_10228752095565232_732155463734575742_n
294980611_10228752095365227_6650308379238348976_n
294656215_10228752096005243_3908629854594187378_n
294502051_10228752094805213_8639441598771063605_n
295037239_10228752094245199_7294141384748019130_n
294418452_10228752096605258_3760475720519196457_n

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်စျာပန အခမ်းအနားမှာ အကြမ်းဖက်စစ်ကောင်စီကို မဖိတ်ကြားပဲ NUG အစိုးရကိုဖိတ်ကြားရေးအပါအဝင်၊ ဂျပန်အစိုးရရဲ့ မြန်မာ့နိုင်ငံရေးအပေါ် မပြတ်မသား ရပ်တည်နေမှုကို  ဂျပန် မြို့ကြီး ၈ မြို့မှာ ဆန့်ကျင် ကန့်ကွက်ဆန္ဒပြမှုတွေ ဇူလိုင် ၂၄ ရက်က တပြိုင်တည်းပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို တိုကျို၊ အိုဆာက၊ နာဂိုယာ၊ ရှိဇူအိုခ၊ အိုခယမ၊ ဖူခုအိုခ၊ ဟော်ကိုင်းဒိုးနဲ့ အိုခိနဝ မြို့ကြီးတွေမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမိအိုကီရှိုဒါ အနေနဲ့ မြန်မာ့အရေး ကိစ္စနဲ့ ပတ်သက်လို့ ပြတ်သားတိကျတဲ့ လက်တွေ့လုပ်ဆောင်မှုတွေ ပြုလုပ်ပေးဖို့၊ မြန်မာပြည်သူလူထုဟာ စစ်ကောင်စီ အုပ်စုရဲ့ ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့်ဆင်းရဲပင်ပန်းကြီးစွာနေထိုင်နေရကြောင်း၊ ပြည်သူလူထုတရပ်လုံးက ရရာနည်းလမ်းနဲ့ ဆန့်ကျင်တော်လှန်ကြကြောင်းနဲ့  ဂျပန်အစိုးရကတော့ ဒီနေ့အချိန်အထိ ပြတ်သားမှုမရှိဘဲ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုနဲ့ ပိုမိုပတ်သက်လာနေကြောင်းကို ဆန္ဒပြသူတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဂျပန်အစိုးရ၊ ဂျပန် မီဒီယာတွေနဲ့ သက်ဆိုင်ရာ ဒေသအစိုးရတွေထံ အိတ်ဖွင့်ပေးစာ ထုတ်ပြန်ချက် ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ နာရေးကို ဇူလိုင် ၂၇ ရက်မှာ နိုင်ငံတော်အခမ်းအနားနဲ့ ပြုလုပ်ဖို့ရှိပြီး မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖိတ်ထားတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နာရေးကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သာ တက်ရောက်လာခဲ့မယ်ဆိုရင် ဂျပန်ရောက်မြန်မာတွေရဲ့ ကြီးမားတဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရမယ်လို့ မြန်မာအရေး လူပ်ရှားသူတွေက ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024