ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၀ ကျော်နဲ့ သေဆုံးသူ ကလေးငယ် ၃ ဦးအထိ ရှိပြီလို့ မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောပါတယ်။
“အခု ဇူလိုင်လအတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးသူ လက်ရှိ ၁၀၀ ကျော်ရှိနေတယ်။ သေဆုံးသူကလေး ၃ ဦးအထိရှိလာနေတယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူ ကလေးငယ်တွေကတော့ မောင်နီကျေးရွာ ၁ ဦး၊ မြို့မ ကညင်တန်းရပ်ကွက်က ၁ ဦးနဲ့ ကျောက်ပန်းဒူကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦးတို့ ဖြစ်တယ်လို့ မောင်တောမြို့နယ်ကျန်းမာရေးဌာနက သိရပါတယ်။
"မနက်ဖြန် ရွှေဇားကျေးရွာအုပ်စုတခုလုံးကို အင်အားဖြည့်ပြီး ဖုံး/သွန်/လှဲ့/စစ် လုပ်ငန်းစဥ် လုပ်သွားဖို့ရှိပါတယ်။ ရပ်ကွက် နဲ့ ကျေးရွာတွေကိုတော့ ပုံမှန်လုပ်ဆောင်နေတယ်။” လို့ မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောပါတယ်။
သွေားလွန်တုပ်ကွေးရေးဂါကာကွယ်ဖို့အတွက် ပြည်သူတွေအနေနဲ့ ခြင်မကိုက်အောင်နေထိုင်ကြရမှာဖြစ်ပြီး ခြင်မပေါက် ဖွားနိုင်အောင် ဖုံး/သွန်/လှဲ့/စစ် အလုပ်တွေကိုလုပ်ဖို့ လိုအပ်သလို ကလေးတွေ ဖျားနာလာပါက ဆေးရုံကို အမြန်ဆုံးပို့ဆောင်ပေးမှ အသက်ကို ကယ်တင်နိုင်မှာဖြစ်ကြောင်း မောင်တောခရိုင်ကျန်းမာရေးဌာနက အသိပေးလှုံ့ဆော်ထားပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူတွေကတော့ အသက် ၂ နှစ်မှ ၉ နှစ်အရွယ် အများဆုံးဖြစ်ပွားနေပြီး လူကြီး/လူငယ်၊ ကျား/မ မရွေးဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါတမျိုးဖြစ်ပါတယ်။