Home
မြန်မာသတင်း
ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
DVB
·
July 22, 2022
294786112_5077097315750103_9191007768412808120_n
294578491_5077097712416730_7845825152001405847_n
294555501_5077097335750101_1289900516294455223_n

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ သင်္ကန်းတုံးကျေးရွာရှိ နေအိမ်တချို့ကို စစ်ကောင်စီတပ်က ဇူလိုင် ၂၀ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်နှစ်ဆောင် မီးလောင်သွားတာပေါ့။ တဆောင်က လုံးဝပြာကျသွားတယ်။ အုတ်နဲ့ဆောက်ထားတဲ့ အိမ်တဆောင်က မီးမလောင်လို့ တီဗွီ၊ ရေခဲသေတ္တာ စတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ သွပ်အိမ်ခေါင်မိုးတွေကို သေနတ်နဲ့ ပစ်သွားတာ ရစရာကိုမရှိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဟာ ထီးခီးနယ်စပ်မှ ထားဝယ်မြို့ကို ယာဉ်တန်းနဲ့ထွက်လာတာဖြစ်ပြီး သင်္ကန်းတုံးကျေးရွာရှိ နေအိမ်တချို့အတွင်း ဝင်ရောက်မွှေနှောက်ရှာဖွေကာ ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့လာပြီလို့ အသံကြားရင် ငါတို့တွေမှာလည်း‌ ပြောင်းပြေးနေရတယ်၊ ဘယ်သူမှ မနေရဲဘူး၊ တွေ့ရင်လည်း ဖမ်းတာပဲလေ။ အိမ်မှာလူမရှိတော့ စခတွေက လုပ်ချင်ရာလုပ်တော့တာပဲ” လို့ ရွာခံတဦးက ပြောပါတယ်။

ဇူလိုင် ၅ ရက်နဲ့ ၆ ရက်နေ့တွေကလည်း သင်္ကန်းတုံးကျေးရွာမျာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ဆိုင်ကယ်၊ TV၊ စားသောက်ဖွယ်ရာနဲ့ အဝတ်အထည်တွေကို ခိုးယူသွားခဲ့သလို ရွာသား ၃ ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024