မတူပီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ ၁၄၀ က ဗိုလ်မှူးတယောက်ကို ဇူလိုင် ၁၅ ရက် မနေ့က ရှင်းလင်းခဲ့တယ်လို့ CDF-Matupi က ထုတ်ပြန်ပါတယ်။
ရှင်းလင်းသုတ်သင်ခံရသူ ဗိုလ်မှူး သန်းနိုင်ဝင်းဟာ စစ်ဗျူဟာ ထောက်လှမ်းရေးတယောက်ဖြစ်ပြီး တပ်တွင်း CDM ပြုလုပ်လိုသူတွေနဲ့ မတူပီမြို့နယ်တွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ထုတ်ဖော်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်မှူး သန်းနိုင်ဝင်းရဲ့ သတင်းပေးမှုတွေကြောင့် CDM လုပ်ဖို့ ကြံစည်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သတ်ဖြတ်ခံရပြီး ၄ ယောက်ကတော့ ထောင်ကျခံနေရတယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဗိုလ်မှူး သန်းနိုင်ဝင်းဟာ ဇွန် ၂၅ ရက်နေ့က မတူပီမြို့နေ အမျိုးသမီးတယောက်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။