မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြား၊ ရန်ကုန် - မန္တလေးလမ်းဟောင်း အရှေ့ဘက်ရှိ ကမ္ဘောဇဘဏ်ခွဲတခုမှာ ဇူလိုင် ၁၅ ရက် နေ့လယ် ၁ နာရီက ဓားပြတိုက်ခံခဲ့ရပါတယ်။
ဆိုင်ကယ် နှစ်စီးနဲ့ အမည်မသိလူ နှစ်ယောက်က ဘဏ်အတွင်း ဝင်ရောက်ပြီး သေနတ်အတိုနဲ့ ချိန်ကာ “အားလုံးမှောက်နေ”လို့ပြောပြီး ဘဏ်စားပွဲပေါ်ရှိ ငွေသားကျပ် သိန်း ၁၈၀၀ လောက်ကို ယူသွားတယ်လို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
အဲ့ဒီနောက် ဘဏ်သုံး ကွန်ပျူတာနှစ်လုံးကိုလည်း ပုဆိန်နဲ့ ရိုက်ထုခဲ့ပြီး လုံးပတ် ၄ လက်မလောက် အရှည် ၁ ပေလောက်ရှိတဲ့ လက်လုပ်မိုင်း ၁ လုံးကို မှန်ကောင်တာပေါ်ကို တင်ထားခဲ့ကာ ဓားပြတိုက်သူတွေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။