အီတလီဂန္ထဝင်ကစားသမားကြီး ဘီဂီယိုဟာ နေအိမ်မှာ ယူရိုဘောလုံးပွဲကြည့်ရှုအားပေးနေစဉ် သေနတ်ကိုင် ဓားပြတွေရဲ့ လုယက်မှု ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံတက်ရောက် ကုသခဲ့ရပါတယ်။
ဘတ်ဂီယိုနဲ့ မိသားစုဟာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က အီတလီနဲ့ စပိန် ကစားခဲ့တဲ့ ယူရို ၂၀၂၄ပြိုင်ပွဲကို နေအိမ်က TV ကနေ ကြည့်ရှုနေချိန်မှာ လုယက်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။
ဘတ်ဂီယိုဟာ အီတလီမြောက်ပိုင်းက အယ်လ်တာဗီလာဗင်ဆန်တီနာဆိုတဲ့မြို့ငယ်လေးမှာ ဇနီးဖြစ်သူအပါအဝင် သားနှစ်ဦး သမီးတစ်ဦးနဲ့အတူ နေထိုင်တာပါ။
ဇွန် ၂၀ရက် ဒေသစံတော်ချိန် ည ၁၀ နာရီလောက်မှာ လုယက်ခံခဲ့ရတာဖြစ်ပြီး မိသားစုဝင်တွေဟာ အခန်းထဲမှာလော့ချပြီး နေခဲ့ရတယ်လို့သိရပါတယ်။
အဲဒီမတိုင်ခင်မှာ ဘတ်ဂီယိုဟာ ဦးခေါင်းကို သေနတ်ဒင်နဲ့ ထုခံခဲ့ရပြီး ဒဏ်ရာကို ချုပ်ပြီး ကုသခဲ့ရပါတယ်။
သေနတ်ကိုင် ဓားပြတွေဟာ စုစုပေါင်း ၅ ဦးပါဝင်ပြီး မိနစ် ၄၀ လောက် မွှေနှောက်ရှာဖွေပြီး နောက် တန်ဖိုးကြီးနာရီတွေ၊ ကျောက်မျက်ရတနာတွေနဲ့ ငွေကြေးတွေ ပါသွားခဲ့တယ်လို့ သိရပါတယ်။