Home
မြန်မာသတင်း
တော်လှန်ရေးအတွက် စနိုက်ပါသေနတ် ဝယ်ယူရေး ကမ်ပိန်းတွင် ပါဝင်လှူဒါန်းနိုင်
DVB
·
July 13, 2022
292510748_5265706493496139_421960533696561989_n

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေတဲ့ စနိုက်ပါသင်တန်းဆင်း တော်လှန်ရေးရဲဘော်တွေအတွက် လက်နက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ One Shot One Kill Sniper ကမ်ပိန်းမှာ ပါဝင်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက် တပ်ရင်းတခုဖြစ်တဲ့ အမှတ် ၁၀၀၈ တပ်ရင်း၊ ရှမ်းတောင်အတွက် စနိုက်ပါသေနတ် နှစ်လက် ရရှိဖို့ ဒီကမ်ပိန်းကို တပ်ရင်းနဲ့ CDM ဗိုလ်ကြီး ညီသုတတို့ ပူးပေါင်းစီစဉ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“စနိုက်ပါသမားတယောက် ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စရပ် မဟုတ်ဘဲ အခက်အခဲများကို အဆင့်ဆင့်ဖြတ်ကျော်ပြီးမှ  ရောက်ရှိတာဖြစ်ပါတယ်ဗျ။ ယခု ၁၀၀၈ တပ်ရင်းမှာ စနိုက်ပါ သင်တန်းအောင်မြင်ပြီး သင်တန်းဆင်းလာတဲ့ ရဲဘော် ၇ ယောက်သည် တိုက်ပွဲဝင်ဖို့ အသင့်ရှိနေပြီ ဖြစ်ပါသည်။ ထိုသင်တန်းသားများအတွက် စနိုက်ပါတပ်ဆင်ပေးရန် ယခု Project ကို လုပ်ရခြင်းဖြစ်ပါသည်။ အမှန်တကယ် ထိရောက်ပြီး လိုအပ်နေတာကြောင့် နိုင်ငံတကာမှာ ရှိနေကြတဲ့ ထောက်ပို့တပ်သားပြည်သူများ ပြည်တွင်းရှိ ပြည်သူများအနေဖြင့် အကောင်းဆုံးကြိုးစားပြီး စနိုက်ပါရရှိရေး Project မှာ ပံ့ပိုးကူညီဖို့ တောင်းဆိုလိုက်ရပါသည်။”

ဒီကမ်ပိန်းကိုတော့ နိုင်ငံခြားဘဏ်အကောင့်တွေ၊ ပြည်တွင်းအကောင့်တွေနဲ့ လုံခြုံစိတ်ချစွာ ထည့်ဝင်နိုင်မှာဖြစ်ကာ စနိုက်ပါ နှစ်လက်အတွက် ကျပ်သိန်း ၄၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

ပါဝင်လှူဒါန်းသူတွေရဲ့ အလှူငွေတွေကို အမှတ် ၁၀၀၈ တပ်ရင်းကနေ တိုက်ရိုက် လက်ခံပေးသွားမှာဖြစ်ပြီး ဂုဏ်ပြုလွှာလိုအပ်ပါက ထုတ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

ဆက်သွယ်လှူဒါန်းရန်လင့်ခ်-

၁၀၀၈ တပ်ရင်းရဲ့ တရားဝင် Telegram account- https://t.me/Infantry1008

၁၀၀၈ တပ်ရင်း page link - https://www.facebook.com/No1008-Infantry-Southern-Shan-114675854567648/

ဗိုလ်ကြီး ညီသုတ page link - https://www.facebook.com/nyithuta08

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024